Posts

Showing posts from June, 2022

Longman Dictionary English App

Image
အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် Dictionary ကောင်းကောင်းလေးတစ်ခုကို မျှဝေပေးပါရစေ။ အဲ့ဒါကတော့ Longman Dictionary English ဆိုတဲ့ Application လေးပဲ ဖြစ်ပါတယ်။  သူက English to English dictionary တစ်ခုဖြစ်ပြီး online ဖွင့်ပြီး အသုံးပြုမယ်ဆိုရင် စာလုံးတွေရဲ့ အသံထွက်ကို British (UK) နဲ့ American (US) နားထောင်နိုင်မှာ ဖြစ်ပါတယ်။ အသံထွက်သင်္ကေတဖြစ်တဲ့ phonetic symbol တွေ ပါဝင်တဲ့အတွက်  phonetic ပါ တစ်ခါတည်း လေ့လာလို့ရပါတယ်။ တခြားသော Dictionary နဲ့မတူဘဲ ထူးခြားတဲ့အချက်ကတော့ အသံထွက် မှန်မမှန်ပြန်စစ်ဆေးလို့ရတဲ့ စနစ်ပါတာပါ။ App ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ Microphone ပုံလေးကိုနှိပ်ပြီး အသံထွက်ရွတ်ဆိုလိုက်ရင် အသံထွက်ပီသမှန်ကန်မှုကို rating system နဲ့ ပြပေးတဲ့အတွက် အသံထွက်လေ့ကျင့်ချင်သူတွေအနေနဲ့ ဆောင်ထားသင့်တဲ့ Dictionary ကောင်းတစ်ခု ဖြစ်ပါတယ်။ စာလုံးတစ်လုံးကို ရှာတဲ့အခါ  part of speech (ဝါစင်္ဂ) နဲ့ word family တွေကိုပါဖော်ပြပေးတဲ့အပြင် example sentence (ဥပမာစာကြောင်း)တွေကိုပါ ရေးပြထားတဲ့အတွက် လေ့လာသူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဒါ့အပြင် Collocation (စကားလုံးအတွဲ)တွေ၊ common err...

Linux Part-8 (Server Vs Desktop)

Image
Server Vs Desktop Linux မှာ လူတိုင်း အဆင်ပြေသလို သုံးလို့ရအောင် Version 2 မျိုး ရှိပါတယ်။ မိတ်ဆွေ သုံးတာ Red Hat Linux ဖြစ်စေ၊ Ubuntu Linux ဖြစ်စေ၊ Fedora Linux ဖြစ်စေ ဘယ်အဖွဲ့က ထုတ်တာပဲ့ဖြစ်ပါစေ အခြေခံ အားဖြင့် Version 2 မျိုးကို ထုတ်ပါတယ်။ တခု ကတော့ Server Version ပါ။ နောက်တခုကတော့ Desktop Version ပါ။ Server Version နဲ့ Desktop Version မှာ အဓိက‌အနေနဲ့ ဘာကွာခြားသလဲဆိုတော့ Server Version မှာ ကျတော့ မရှိမဖြစ် သုံရမယ့် အရာတွေကနေလွှဲပြီး အားလုံး ဖြုတ်ချထားပါတယ်။ (GUI ၊ Offices software ၊ document reader စတဲ့ Accessories တွေကို ဖယ်ထုတ်ထားပါတယ်) ဘာကြောင့်လဲဆိုတော့ မိတ်ဆွေ အနေနဲ့ server version ကို install လုပ်ပြီ ဆိုကတည်းက server ပေါ်မှာ မိ‌တ်ဆွေ လုပ်ချင်တဲ့အရာကို သိပြီးသားဖြစ်မှာပါ။ GUI တွေ၊ tools တွေ အများကြီးဟာ Server Version မှာ Auto install မလုပ်ပါဘူး။ မိတ်ဆွေ လိုချင်တဲ့ tools ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ထည့်ရမှာပါ။ Distribution အဖွဲ့အစည်းတွေကတော့ မိတ်ဆွေ အနေနဲ့ ကိုယ်လိုချင်တဲ့ tool လည်းရှိမယ် ပြီးတော့ Server Version ကိုလည်း installထားတယ်ဆိုရင် မိတ်ဆွေ ကိုယ်တိုင် tool တ...

Linux Part-7 (Capitalization)

Image
Capitalization ကျနော်တို့ Windows User တွေအနေနဲ့ Linux ကိုပြောင်းသုံးတဲ့ အချိန်မှာ ရှုပ်ထွေးမှု၊အခက်အခဲဖြစ်စေချင်တဲ့ စာလုံး၊အကြီးအသေး (Capitalization) ပြဿနာ အကြောင်းကို ဆွေးနွေးကြရအောင်။ အခြေခံ အားဖြင့် ကျနောတို့မှာ စာလုံးအကြီး နဲ့ စာလုံးအသေး ဆိုပြီး ရှိတယ်မလား။  Windows မှာကျတော့ စာလုံးအကြီးပဲ့ဖြစ်ဖြစ်၊ အသေးပဲ့ ဖြစ်ဖြစ် သိပ်ဂရုစိုက်စရာမလိုဘူး။ Window မှာ "Home" ဆိုတဲ့ folder တခုကို ဆောက်လိုက်တယ် ဆိုပါစို့၊ "HOME", "home", "homE" အားလုံးဟာ အတူတူပဲ့ အဓိပ္ပါယ်ရပါတယ်။  Password ကနေ လွှဲပြီးတော့ Windows မှာက စာလုံးအကြီး၊ အသေးကို ဂရုစိုက်ဖို့မလိုဘူး။  Linux ကမ္ဘာမှာကျတော့ Linux ကို ရေးတဲ့ ကွန်ပြူတာပညာရှင်တွေ က character letters (စာလုံးတွေ) ၊ ပုဒ်ဖြတ်ပုဒ်ရပ် တွေကို  ASCII code စံနှုန်းကို ယူသုံးပါတယ်။  (American Standard Code for Information Interchange) ဒီ ASCII  code စံနှုန်းမှာ "H" နဲ့ "h" မတူပါဘူး၊ (ASCII က စာလုံး တလုံးစီတိုင်းက uniqueဖြစ်ပါတယ်။ binary code 1,0 တွေမတူကြပါဘူး)၊ Linux မှာတော့ "HOME" , "h...

Linux Part-6 (Root)

Image
Root  မိတ်ဆွေတို့ Linux ကို သုံးတော့မယ်ဆိုရင်  Root ဆိုတဲ့ အယူအဆ တခုကို နားလည်ရပါမယ်။ Linux မှာ Root ဆိုတာ အားလုံးရဲ့ level အမြင့်ဆုံးမှာ တည်ရှိပါတယ်။  မိတ်ဆွေ တို့ Root User ဆိုတာ ကြားရလိမ့်မယ်၊ ဒါက ဘာကိုဆိုလိုတာလဲဆိုရင်  computer ရဲ့ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသူလို့ ပြောတာပါ။  ( User တိုင်းဟာ ဒီလို လုပ်ပိုင်ခွင့်မရှိပါဘူး၊ Windows မှာ‌ဆိုရင် admin အကောင့်နဲ့ ရိုးရိုး အကောင့်ဆိုပြီး ခွဲပါတယ်။) မိတ်ဆွေ တို့အနေနဲ့ ကွန်ပြူတာကို စီမံခန့်ခွဲနိုင်တဲ့ User အဖြစ် ရှိလို့ရပါတယ်။  မိတ်ဆွေဟာ Root အဖြစ်နဲ့ Log in ဝင်မယ်ဆိုရင် မိတ်ဆွေတို့ ကွန်ပြူတာ နဲ့ လုပ်ချင်တာ မှန်သမျှ ကမ္ဘာမှာ ဘာမဆို လုပ်လို့ရပါပြီ။ Root ကို Operation System ရဲ့ အမြစ် လို့လည်း ယူဆလို့ရပါတယ်။ Root ဟာ Operation System ကို install လုပ်ထားတဲ့ Computer ရဲ့ Hard drive ပေါ်မှာရှိပါတယ်။  မိတ်ဆွေ ဒီ Root ရှိတဲ့နေရာ ကို Window OS အနေနဲ့ စဉ်းစားမယ်ဆိုရင် C:/ ဟာ Windows OS ရဲ့ Root ပါပဲ့၊ ဘာကြောင့်လဲဆိုရင် ဒီနေရာ (C:/ အပိုင်း) မှာ install ထားလို့ပါပဲ့။ Root ဟာ User အနေနဲ့ System အထဲကို ဝင်နိုင်...

Linux_Part_5 (The Linux Shell)

Image
The Linux Shell  ကျနော် တို့ တရားဝင်မှု နဲ့ ပတ်သက်တဲ့အကြောင်းကို ပြောကြပြီးပြီနော်၊ ဆက်ပြီးတော့ Linux OS ရဲ့ Shell အကြောင်းကို ဆက်ပြောကြရအောင်။ OS တခု ရဲ့ Shell ဆိုတာ Operation System နဲ့ ချိတ်ဆက် အလုပ်လုပ်လို့ရတဲ့ Screen လေးတခုပါပဲ့။  မိတ်ဆွေ က Microsoft Windows အကြောင်း တွေးမိတယ်ဆိုရင် Microsoft Windows ရဲ့ Shell ဆိုတာ Graphical User Interface (GUI) ပါပဲ့၊  မိတ်ဆွေတို့ ဒီ GUI အပေါ်မှာ Mouse pointer လေးတွေ ဟိုရွေ့၊ဒီရွေ့ လို့ရသလို Desktop ပေါ်မှာ ကြိုက်တဲ့ဟာကို click လုပ်လို့ရပါတယ်၊ folder, icon အစရှိသဖြင့်ပေါ့။ Shell က ၂ မျိုးရှိပါတယ်။ ပထမ တခုက GUI နော် (Desktop ပေါ်မှာ ကိုယ်တွေ မြင်နေရတာ အားလုံးက GUI ပဲ့)။ ဒုတိယ တခုက Line User Interface (LUI)ပါ။ (စာကြောင်းတကြောင်း ချင်းစီကို ဘာသာပြန်ပြီး OS က အလုပ်လုပ်တာ)  ဒီ LUI က DOS prompt နဲ့ ပုံစံတူပါတယ်။ ( DOS ဆိုတာ 1981 ကပေါ်တဲ့ OS။ DOS prompt ဆိုတာ GUI မပေါ်ခင်က သုံတဲ့ command box ကိုဆိုလိုတာပါ။)  မိတ်ဆွေ က Microsoft Window ရဲ့ DOS prompt ကို သုံးခဲ့ဖူးတယ်ဆိုရင် Line User Interface (LUI) ဆိုတာလည်း ဒီအတိုင်...

Linux Part-4 (Open Source Part-2)

Image
Open Source part-2  နည်းလမ်း-၃ အခကြေးငွေ ပေးဝယ်ရတဲ့ Open Source Licensing ကနေ Programmer တွေ ထိုက်သင့်တဲ့ တန်ဖိုးရတဲ့နည်းပါ။ တချို့လူတွေက မေးချင်၊မေးနိုင်ပါတယ်၊ ဘာလဲဆိုတော့ အစကတည်းက ပေးဝယ်ရတဲ့ Software မျိုးကို Open Source Software ဖြစ်နိုင်ရဲ့လားဆိုတာပါပဲ့။ ဟုတ်ပီနော် ပေးဝယ်ရတဲ့ Software ထဲမှာ မိတ်ဆွေကို Software ရဲ့ Source Code တွေ ကြည့်ခွင့်ပေးပါတယ်။  ဒီအိုင်ဒီယာကို အခြေခံတာက  မိတ်ဆွေဟာ Developer or Programmer တွေဆီကနေ လိုင်စင်ဝယ်ပြီး Microsoft, Adobe တို့လို ပြန်ရောင်းဖို့ Software တခုကိုလိုချင်တယ်။ ဒီ Open Source Software ရဲ့ ထူးခြားချက်က Software ကိုဝယ်လိုက်တယ်နော် မိတ်ဆွေ code တွေ မြင်နေရပြီ။ ဒါပေမယ့် ပြန်ပြင်ဖို့ legal right (လိုင်စင်နဲ့ငြိတယ်) မရှိပါဘူး။  မိတ်ဆွေ ဟာ ကိုယ်လိုချင်သလို ကိုယ်ကြိုက်သလိုစိတ်ကြိုက်ပြင်ချင်တဲ့ သူမျိုးဆိုရင်တော့ ဒီလို rule ရှိတဲ့ Open Source Software တွေရဲ့ ပုံစံ နဲ့တူလို့မရပါ။  (စကားချပ်။ ။  ဒီနည်းလမ်း-၃ မှာ သူဆိုလိုချင်တာက Open Source Software တချို့မှာလည်း ကန့်သတ်ချက်တွေရှိတယ်။ဥပမာ Linux OS တွေထဲက မှာ Ubuntu...