Linux Part-4 (Open Source Part-2)

Open Source part-2 

နည်းလမ်း-၃

အခကြေးငွေ ပေးဝယ်ရတဲ့ Open Source Licensing ကနေ Programmer တွေ ထိုက်သင့်တဲ့ တန်ဖိုးရတဲ့နည်းပါ။
တချို့လူတွေက မေးချင်၊မေးနိုင်ပါတယ်၊ ဘာလဲဆိုတော့
အစကတည်းက ပေးဝယ်ရတဲ့ Software မျိုးကို Open Source Software ဖြစ်နိုင်ရဲ့လားဆိုတာပါပဲ့။
ဟုတ်ပီနော် ပေးဝယ်ရတဲ့ Software ထဲမှာ မိတ်ဆွေကို Software ရဲ့ Source Code တွေ ကြည့်ခွင့်ပေးပါတယ်။ 

ဒီအိုင်ဒီယာကို အခြေခံတာက 
မိတ်ဆွေဟာ Developer or Programmer တွေဆီကနေ လိုင်စင်ဝယ်ပြီး Microsoft, Adobe တို့လို ပြန်ရောင်းဖို့ Software တခုကိုလိုချင်တယ်။ ဒီ Open Source Software ရဲ့ ထူးခြားချက်က Software ကိုဝယ်လိုက်တယ်နော် မိတ်ဆွေ code တွေ မြင်နေရပြီ။ ဒါပေမယ့် ပြန်ပြင်ဖို့ legal right (လိုင်စင်နဲ့ငြိတယ်) မရှိပါဘူး။ 
မိတ်ဆွေ ဟာ ကိုယ်လိုချင်သလို ကိုယ်ကြိုက်သလိုစိတ်ကြိုက်ပြင်ချင်တဲ့ သူမျိုးဆိုရင်တော့ ဒီလို rule ရှိတဲ့ Open Source Software တွေရဲ့ ပုံစံ နဲ့တူလို့မရပါ။ 

(စကားချပ်။ ။
 ဒီနည်းလမ်း-၃ မှာ သူဆိုလိုချင်တာက Open Source Software တချို့မှာလည်း ကန့်သတ်ချက်တွေရှိတယ်။ဥပမာ Linux OS တွေထဲက မှာ Ubuntu Linux လို အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ ဒီအထဲမှာ Software လိုင်စင် ကို အခကြေးငွေနဲ့ ရောင်းနေတဲ့ အဖွဲ့အစည်းရှိမယ်။ ကျနော်တို့ ဒီအဖွဲ့ရဲ့ Software version ကိုသုံးပြီဆိုရင် ငွေပေးရမယ်၊ ပြီးတော့ သူတို့ရဲ့ အဖွဲ့အစည်းရဲ့ Source Code တွေပေါ်အခြေခံပြီး ကိုယ်က ထပ်ပြင်ပြီး ရောင်းစား လို့မရဘူး။ (လိုင်စင်ငြိတယ်ပေါ့) 

Rat Hat Source Code ကို နည်းနည်းပြင်ရေးလိုက်ပြီး BBQ OS လို့ လုပ်ပြီး ပြန်ရောင်းမှာကြောက်လို့ထင်ပါတယ်။
:3

ကိုယ်ပြင်ရင် မူရင်း Linus Torvalds ရဲ့ Source Code ကိုပြင်ပြီး ရောင်း သူတို့အဖွဲ့စည်းရဲ့ code ကို အခြေမခံနဲ့လို့ပြောတာပါ။ဒါမယ့် Open Source ဆိုတော့ Code တော့ ဖွင့်ပြတယ်)

နည်းလမ်း-၄
ဒီနည်းလမ်းက မိတ်ဆွေတို့ကို Software download ချပြီး စမ်းသုံးခွင့်ပြုထားတယ်၊ ဒီမှာ Source Code တွေကို မိတ်ဆွေ တို့ကြည့်ပြီး ဘာကဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကောင်းစွာသိနိုင်တယ်။
ဒါပေမယ့် Software ကို တကယ် သုံးဖို့ကျတော့ သုံးစွဲခွင့်လိုင်စင်မရှိပါဘူး။ 
သုံးချင်တယ် ဆိုရင် သူက လိုင်စင်ကို နှစ်အလိုက် ပေးဝယ်ရပါတယ်။ 
တကြိမ်တည်း အပြီးဝယ်တာထက် စာရင် ဈေးပေါတဲ့ လိုင်စင်တမျိုးပါ။ ဒါပေမယ့် ဈေးကြီးတာလည်း ရှိမှာပါ။

ဥပမာ 
မိတ်ဆွေ Foxit PDF ကို free download ပြီးတော့ သုံးမယ်။ Software ထဲမှာပါတဲ့ Features လေးတွေကိုသုံးမယ်၊ ပြီးတော့ သူဘယ်လိုရေးထားလဲဆိုတာ ဝင်လေ့လာမယ်၊ ဒါတွေရပါတယ်။
ဒါပေမယ့် Software လိုင်စင် ဝယ်ပြီးသုံးပြီဆိုရင် အသစ်သစ်သော Features တွေသုံးခွင့် အပြည့်ဝရသလို၊ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေပါ ရပါတယ်။ ဒီလိုဝန်‌ဆောင်မှုအတွက် မိတ်ဆွေဟာ Programmer (developer)တွေကို နှစ်စဉ်ကြေးအနေနဲ့ နှစ်အလိုက်ပေးရမှာပါ။

နိဂုံး
အခုဆိုရင် မိတ်ဆွေအနေနဲ့ Open Source Licensing ဘယ်လိုအလုပ်လုပ်ကြသလဲ ဆိုတာ နဲ့ မိမိ လုပ်ငန်းအတွက် Licensing (လိုင်စင်) တွေဟာ server ကို ဘယ်လိုအလုပ်လုပ်စေမလဲ ဆိုတာထက် ပိုအရေးကြီးဆိုတာ မြင်ရပြီနော်။
ဒါ (လိုင်စင်) က မိတ်ဆွေ နဲ့ မိမိ company ကို ကြီးမားတဲ့ ထိခိုက် ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပါတယ်။ 

အကယ်၍ မိတ်ဆွေက Servers တွေ အများကြိးမှာ ကိုယ်ဝယ်ထားတဲ့ လိုင်စင် ရဲ့ အကြောင်းကို မသိဘဲ Open Source Licensing Software ကို install ထားတယ်နော်၊ ဒါက သိပ်ကိုကြီးမှာတဲ့ ထိခိုက်ဆုံးရှုံးမှုကို ဖြစ်စေတတ်ပါတယ်။

Free ရတဲ့ Open Source တွေ အများရှိပါတယ်၊ ဒါပေမယ့် Open Source တိုင်းဟာ Free မဟုတ်ကြဘူးဆိုတာကို သတိပြုပေးပါ။ ဘယ်‌လိုပဲ့ပြောပြော Open Source တိုင်းဟာ အပြည့်အဝ Free မဟုတ်ပါ။ 

(Free ရတဲ့ဟာလည်း ရှိပါတယ်၊ Open Source လို့ဆိုလိုက်တာနဲ့ Free လို့မမြင်စေချင်တာ သူက)

မိတ်ဆွေ တို့မြင်တဲ့ အတိုင်းပဲ့ Linux ဟာ အားစိုက်ထုတ်မှု အများကြီးတွေနဲ့ ခရီးအဝေးကြီးလျှောက်လာရပါတယ်။ 
ဒီ ပြုပြင်ထိန်းသိမ်းဖို့အတွက် စာချုပ် (လိုင်စင်) ဟာလည်း တန်ဖိုးကြိးတဲ့ အရာ တခုဖြစ်ပါတယ်။ Open Source Licensing တွေဟာ ကျနော်တို့ရဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းအတွက် အခွင့်အလမ်းဖန်တီးနိုင်သလို ဖျက်ဆီးပစ်နိုင်တာကို မိတ်ဆွေ တို့အနေနဲ့ လေးလေးနက်နက် လုပ်ဆောင်ဖို့လိုပါတယ်။

#Linux_Part_4
#LinuxForBeginner
#AdarmVardy
Translate by ကဘော်ကထော်

Comments

Popular posts from this blog

Linux_Part_5 (The Linux Shell)

Linux Part-7 (Capitalization)

Longman Dictionary English App