Linux Part-8 (Server Vs Desktop)
Server Vs Desktop
Linux မှာ လူတိုင်း အဆင်ပြေသလို သုံးလို့ရအောင် Version 2 မျိုး ရှိပါတယ်။
မိတ်ဆွေ သုံးတာ Red Hat Linux ဖြစ်စေ၊ Ubuntu Linux ဖြစ်စေ၊ Fedora Linux ဖြစ်စေ ဘယ်အဖွဲ့က ထုတ်တာပဲ့ဖြစ်ပါစေ အခြေခံ အားဖြင့် Version 2 မျိုးကို ထုတ်ပါတယ်။ တခု ကတော့ Server Version ပါ။
နောက်တခုကတော့ Desktop Version ပါ။
Server Version နဲ့ Desktop Version မှာ အဓိကအနေနဲ့ ဘာကွာခြားသလဲဆိုတော့
Server Version မှာ ကျတော့ မရှိမဖြစ် သုံရမယ့် အရာတွေကနေလွှဲပြီး အားလုံး ဖြုတ်ချထားပါတယ်။ (GUI ၊ Offices software ၊ document reader စတဲ့ Accessories တွေကို ဖယ်ထုတ်ထားပါတယ်)
ဘာကြောင့်လဲဆိုတော့ မိတ်ဆွေ အနေနဲ့ server version ကို install လုပ်ပြီ ဆိုကတည်းက server ပေါ်မှာ မိတ်ဆွေ လုပ်ချင်တဲ့အရာကို သိပြီးသားဖြစ်မှာပါ။
GUI တွေ၊ tools တွေ အများကြီးဟာ Server Version မှာ Auto install မလုပ်ပါဘူး။
မိတ်ဆွေ လိုချင်တဲ့ tools ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ထည့်ရမှာပါ။
Distribution အဖွဲ့အစည်းတွေကတော့ မိတ်ဆွေ အနေနဲ့ ကိုယ်လိုချင်တဲ့ tool လည်းရှိမယ် ပြီးတော့ Server Version ကိုလည်း installထားတယ်ဆိုရင်
မိတ်ဆွေ ကိုယ်တိုင် tool တခုကို server ပေါ်ဘယ်လို install လုပ်ရမလဲဆိုတာ သိရမယ်
လို့ တော့ အကြံပြုထားပါတယ်။
မိတ်ဆွေဟာ Linux ကို အခုမှ စလေ့လာနေတဲ့သူဆိုရင် Desktop Version ကို Download ဖို့ အသင့်တော်ဆုံးပါပဲ့။ Desktop Versions တွေဆိုရင် GUI ကိုထည့်ပေးထားပါတယ်။
Desktop Version ကို install လုပ်တဲ့ အချိန်မှာလည်း GUI ကို အသုံးပြုနိုင်ပါတယ်။
Windows OS တို့၊ Mac OS တို့လိုပေါ့။
Folder icon တွေ၊ desktop icon တွေ ကို click လုပ်ရုံပါပဲ့။
Windows၊ Mac OS နဲ့တော့ အလုပ်လုပ်တဲ့ function တွေ မတူကြတော့ မိတ်ဆွေ အနေနဲ့ Linux ကို ဘယ်လိုသုံးရမလဲ ဆိုတာ လေ့လာရမှာပါပဲ့၊ ဒါပေမယ့်လည်း မိတ်ဆွေ သုံးနေရင်း မကြာခင်မှာပဲ့ နားလည်သွားမှာပါ။
Desktop Version ကို install လုပ်ထားပြီးပြီ ဆိုရင် မိတ်ဆွေဟာ GUI ပေါ်မှာ အလုပ်လုပ်သွားရုံပါပဲ့၊ သုံးရမယ့် Tools တွေအားလုံး ကိုလည်း install ထားပြီးသားပါ။
ဒါက Linux ရဲ့ Desktop Version က Server Version ထက် သုံးလို့ ပိုလွယ်တဲ့ ထူးခြားချက်ပါပဲ့။
#Linux_part_8
#LinuxForBeginner
#AdarmVardy
Comments
Post a Comment