Longman Dictionary English App
အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် Dictionary ကောင်းကောင်းလေးတစ်ခုကို မျှဝေပေးပါရစေ။ အဲ့ဒါကတော့ Longman Dictionary English ဆိုတဲ့ Application လေးပဲ ဖြစ်ပါတယ်။ သူက English to English dictionary တစ်ခုဖြစ်ပြီး online ဖွင့်ပြီး အသုံးပြုမယ်ဆိုရင် စာလုံးတွေရဲ့ အသံထွက်ကို British (UK) နဲ့ American (US) နားထောင်နိုင်မှာ ဖြစ်ပါတယ်။ အသံထွက်သင်္ကေတဖြစ်တဲ့ phonetic symbol တွေ ပါဝင်တဲ့အတွက် phonetic ပါ တစ်ခါတည်း လေ့လာလို့ရပါတယ်။ တခြားသော Dictionary နဲ့မတူဘဲ ထူးခြားတဲ့အချက်ကတော့ အသံထွက် မှန်မမှန်ပြန်စစ်ဆေးလို့ရတဲ့ စနစ်ပါတာပါ။ App ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ Microphone ပုံလေးကိုနှိပ်ပြီး အသံထွက်ရွတ်ဆိုလိုက်ရင် အသံထွက်ပီသမှန်ကန်မှုကို rating system နဲ့ ပြပေးတဲ့အတွက် အသံထွက်လေ့ကျင့်ချင်သူတွေအနေနဲ့ ဆောင်ထားသင့်တဲ့ Dictionary ကောင်းတစ်ခု ဖြစ်ပါတယ်။ စာလုံးတစ်လုံးကို ရှာတဲ့အခါ part of speech (ဝါစင်္ဂ) နဲ့ word family တွေကိုပါဖော်ပြပေးတဲ့အပြင် example sentence (ဥပမာစာကြောင်း)တွေကိုပါ ရေးပြထားတဲ့အတွက် လေ့လာသူတွေအတွက် တော်တော်အဆင်ပြေပါတယ်။ ဒါ့အပြင် Collocation (စကားလုံးအတွဲ)တွေ၊ common err...