Linux_Part_5 (The Linux Shell)


The Linux Shell 

ကျနော် တို့ တရားဝင်မှု နဲ့ ပတ်သက်တဲ့အကြောင်းကို ပြောကြပြီးပြီနော်၊ ဆက်ပြီးတော့ Linux OS ရဲ့ Shell အကြောင်းကို ဆက်ပြောကြရအောင်။

OS တခု ရဲ့ Shell ဆိုတာ Operation System နဲ့ ချိတ်ဆက် အလုပ်လုပ်လို့ရတဲ့ Screen လေးတခုပါပဲ့။ 

မိတ်ဆွေ က Microsoft Windows အကြောင်း တွေးမိတယ်ဆိုရင် Microsoft Windows ရဲ့ Shell ဆိုတာ Graphical User Interface (GUI) ပါပဲ့၊ 
မိတ်ဆွေတို့ ဒီ GUI အပေါ်မှာ Mouse pointer လေးတွေ ဟိုရွေ့၊ဒီရွေ့ လို့ရသလို Desktop ပေါ်မှာ ကြိုက်တဲ့ဟာကို click လုပ်လို့ရပါတယ်၊ folder, icon အစရှိသဖြင့်ပေါ့။

Shell က ၂ မျိုးရှိပါတယ်။

ပထမ တခုက GUI နော် (Desktop ပေါ်မှာ ကိုယ်တွေ မြင်နေရတာ အားလုံးက GUI ပဲ့)။

ဒုတိယ တခုက Line User Interface (LUI)ပါ။ (စာကြောင်းတကြောင်း ချင်းစီကို ဘာသာပြန်ပြီး OS က အလုပ်လုပ်တာ) 
ဒီ LUI က DOS prompt နဲ့ ပုံစံတူပါတယ်။
( DOS ဆိုတာ 1981 ကပေါ်တဲ့ OS။
DOS prompt ဆိုတာ GUI မပေါ်ခင်က သုံတဲ့ command box ကိုဆိုလိုတာပါ။) 
မိတ်ဆွေ က Microsoft Window ရဲ့ DOS prompt ကို သုံးခဲ့ဖူးတယ်ဆိုရင် Line User Interface (LUI) ဆိုတာလည်း ဒီအတိုင်းပါပဲ့။
LUI က ပုံစံက ဖြူမဲ screen ပါ။ 
မိတ်ဆွေတို့ မတူညီတဲ့ command တွေ ရိုက်ထည့်ပြီး computer ကနေ လိုချင်တဲ့ output ကို ရယူနိုင်ပါတယ်။

Linux မှာတော့ LUI တွေက  နည်းပညာအပိုင်းဘက် ရောက်တဲ့ Operation System အတွက် ပိုပြီး သင့်တော်တယ် လို့ကွန်ပြူ‌တာ ပညာရှင်တွေအနေနဲ့ မှတ်ချက်ပြုသလို 
LUI ကို သုံကြဖို့ တိုက်တွန်းပါတယ်။

မိတ်ဆွေ Linux ကို install လုပ်လိုက်တာနဲ့ 
သာမန် OS တွေမှာလို၊ Desktop တွေမှာ Click လုပ်နိုင်တဲ့ GUI တွေလည်းပါသလို၊
Line User Interface (LUI) လည်းပါပါတယ်။

အဓိကတော့ ကျနော်တို့ GUI ထက် LUI က ပိုပြီး စွမ်းအားကြီးတဲ့ Shell ဆိုတာကို မှတ်ထားရမှာပါ။

သို့ပေမယ့်လည်းပဲ့ 
LUI နဲ့ မိတ်ဆွေ Linux ကို install လုပ်မယ်ဆိုရင် အဆင့်တိုင်းကို prompt (LUI) ထဲကပဲ့ လုပ်သွားရမှာပါ။ Command Prompt (LUI) နဲ့ မိတ်ဆွေ ဟာ ဘယ်လို command ပေးရမလဲ၊ ဒါမှမဟုတ် ကိုယ်သုံးမယ့် Operation System အတွက် အမျိုးအစား များလှတဲ့ Linux Shell တွေရဲ့ commads မသိဘူးဆိုရင် မိတ်ဆွေ ပြဿနာတက်မှာပါ။
(Desktop version တွေအတွက်က GUI နဲ့ install လုပ်တာ လွယ်ပါတယ်၊ သူပြောချင်တာ Server Version တွေဖြစ်မယ်)

LUI နဲ့ Linux ကို install လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်၊ ဒါပေမယ့်  Linux Shell command တိုင်းကို LUI ကမသိပါဘူး။( version ပေါ်မူတည်ပြီး default Shell အမျိုးအစားတွေ မတူကြလို့ပါ) 
 LUI ကို သုံးပြီး install လုပ်ရင် ဒီတချက်ရှိပါတယ်။
( Linux
 Shell မှာကို အမျိုးအစားအများကြီးရှိပါတယ်၊ sh,ksh,Ch,bash စသဖြင့်ပေါ့၊ ကိုယ့်ရဲ့ Linux Version မှာ ဘယ်shell ကို သုံးထားလဲဆိုတာ သိချင်ရင် LUI မှာ 
echo $SHELL ဆိုတာနဲ့ ကြည့်နိုင်ပါတယ်၊
ကျနော်လည်း ဒီတခုပဲ့သိတာပါ၊အများကြီး မသိသေးပါဘူး၊ ဖတ်ရင်းလေ့လာနေတာပါပဲ့) 

မိတ်ဆွေရဲ့ Computer ကို ကြိုက်သလိုသံုးနိုင်ဖို့၊ ကိုယ်လိုချင်တဲ့ အရာတွေ လုပ်နိုင်ဖို့အတွက် ဆိုရင် commands တွေ အကြောင်း နားလည်ဖို့ လုပ်ရပါမယ်။

#Linux_Part_5
#LinuxForBeginner
#AdarmVardy
Translate by ကဘော်ကထော်

Comments

Popular posts from this blog

Linux Part-7 (Capitalization)

Longman Dictionary English App