Linux Part-3 (Open Source )
Open Source ကျနော်တို့ အရှေ့မှာ Linux ရဲ့ အခြေခံ တချို့ကို ဆွေးနွေးခဲ့ကြပြီးပြီနော်၊ နောက်ထပ် ကျနော်တို့ ပြောဖို့ကျန်နေတာတွေထဲ က Open Source Licensing (လိုင်စင်) အကြောင်းဆွေးနွေးကြရအောင်။ ဒါပေါ့ ဒီအကြောင်းကို ဒီအချိန်မှာပြောရတော့မှာပါ၊ မိတ်ဆွေ တို့ Open Source Software ဆိုတာကို ကြားဖူးကြမှာပါ။ မိတ်ဆွေတို့အနေနဲ့ Open Source Software ဆိုတာ Free Software (လိုင်စင်မရှိတဲ့ Software) လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါမဟုတ်ဘူးနော်။ Open Source Software ဆိုတာ လုံးဝ Free Software မဟုတ်ပါဘူး။ မိတ်ဆွေ အနေနဲ့ Open Source ကို Free Software အနေနဲ့ မြင်နေပြီဆိုရင် မိတ်ဆွေ ရဲ့ company အတွက်ရော၊ လုပ်ငန်းခွင် ဆိုင်ရာ အတွက်ရော အန္တရာယ်အနံ့အသက် ရနေပါပြီ။ ဒါကြောင့်လည်း ကျနော်တို့ Open Source အကြောင်း နဲ့ Open Source ကို ဖန်တီးသူတွေရဲ့ မတူညီတဲ့ အခကြေးငွေပေးချေခြင်း အကြောင်း ကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဒါဆိုရင် Open Source ရဲ့ တိကျတဲ့ အဓိပ္ပါယ်က ဘာလဲ? Open Source Software ဆိုတာ programmer တွေဟာ မိတ်ဆွေတို့ အသုံးချဖို့ software တခုကို စားပွဲပေါ်မှာ စထိုင်ပြီးရေးလိုက်တဲ့ ...