Linux Part-7 (Capitalization)
Capitalization
ကျနော်တို့ Windows User တွေအနေနဲ့ Linux ကိုပြောင်းသုံးတဲ့ အချိန်မှာ ရှုပ်ထွေးမှု၊အခက်အခဲဖြစ်စေချင်တဲ့ စာလုံး၊အကြီးအသေး (Capitalization) ပြဿနာ အကြောင်းကို ဆွေးနွေးကြရအောင်။ အခြေခံ အားဖြင့် ကျနောတို့မှာ စာလုံးအကြီး နဲ့ စာလုံးအသေး ဆိုပြီး ရှိတယ်မလား။
Windows မှာကျတော့ စာလုံးအကြီးပဲ့ဖြစ်ဖြစ်၊ အသေးပဲ့ ဖြစ်ဖြစ် သိပ်ဂရုစိုက်စရာမလိုဘူး။ Window မှာ "Home" ဆိုတဲ့ folder တခုကို ဆောက်လိုက်တယ် ဆိုပါစို့၊ "HOME", "home", "homE" အားလုံးဟာ အတူတူပဲ့ အဓိပ္ပါယ်ရပါတယ်။
Password ကနေ လွှဲပြီးတော့ Windows မှာက စာလုံးအကြီး၊ အသေးကို ဂရုစိုက်ဖို့မလိုဘူး။
Linux ကမ္ဘာမှာကျတော့ Linux ကို ရေးတဲ့ ကွန်ပြူတာပညာရှင်တွေ က character letters (စာလုံးတွေ) ၊ ပုဒ်ဖြတ်ပုဒ်ရပ် တွေကို ASCII code စံနှုန်းကို ယူသုံးပါတယ်။
(American Standard Code for Information Interchange)
ဒီ ASCII code စံနှုန်းမှာ "H" နဲ့ "h" မတူပါဘူး၊ (ASCII က စာလုံး တလုံးစီတိုင်းက uniqueဖြစ်ပါတယ်။ binary code 1,0 တွေမတူကြပါဘူး)၊ Linux မှာတော့ "HOME" , "home" , " homE" တို့ဟာ folder တွေမတူဘူးလို့ ယူဆပါတယ်။
"USER" ဆ်ုတဲ့ folder တခုကို တည်ဆောက်ထားတယ်ဆိုပါစို့၊ ဒါပေမယ့် "user" လို့ရိုက်ပြီး ရှာမယ်ဆိုရင် Linux မှာတော့ ရှာလို့တွေ့မှာမဟုတ်ပါဘူး။ ဘာကြောင့်ဆို "user" ဆိုတဲ့ folder မရှိလို့ပါပဲ့။ စာလုံးအကြီးနဲ့ ရေးထားတဲ့ "USER" ဆိုတဲ့ folder ပဲ့ရှိလို့ဖြစ်ပါတယ်။ Linux မှာတော့ စာလုံး အကြီးအသေးဟာ အရေးကြီးပါတယ်။
တနေရာရာ မှာတော့ မိတ်ဆွေ ဒီလိုပြဿနာ ကြုံဖူးမှာပါ၊ မိတ်ဆွေ အသုံးပြုနေကြ website တွေမှာ User name နဲ့ password ရိုက်သလိုပါပဲ့ပေါ့။ Linux မှာလည်း ဘယ်user name နဲ့ password ပဲ့ဖြစ်ဖြစ် အားလုံးက sensitive (အမှားမခံပါဘူး) ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ user name နဲ့ password ထည့်တဲ့ အချိန်မှာ cap Lock key တွေနှိပ်မိထားလား၊ မတော်တဆ shift key နှိပ်လိုက်မိသလား ဆိုတာ စစ်သင့်ပါတယ်။
တကယ်ကတော့ ဒီလောက် မရှုပ်မထွေးပါဘူး။ Windows user တွေအနေနဲ့ Linux ကို ပြောင်းသုံးတဲ့ အချိန်မှာ သုံးနေကျအကျင့်လေးတွေ ပါလာလို့ဖြစ်ပါတယ်။
Linux မှာ စာလုံး အကြီးအသေး ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဌမှာ ရှိပါတယ်။
(Linux က window ထက် Integrity ပိုမြင့်တယ်လို့ဆိုရမှာပါ။ data အတိအကျ မဟုတ်ရင် လက်မခံပါဘူး)
#Linux_Part_7
#LinuxForBeginner
#AdarmVardy
Translate by ကဘော်ကထော်
Comments
Post a Comment