Linux Part-6 (Root)
Root
မိတ်ဆွေတို့ Linux ကို သုံးတော့မယ်ဆိုရင်
Root ဆိုတဲ့ အယူအဆ တခုကို နားလည်ရပါမယ်။ Linux မှာ Root ဆိုတာ အားလုံးရဲ့ level အမြင့်ဆုံးမှာ တည်ရှိပါတယ်။
မိတ်ဆွေ တို့ Root User ဆိုတာ ကြားရလိမ့်မယ်၊ ဒါက ဘာကိုဆိုလိုတာလဲဆိုရင်
computer ရဲ့ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသူလို့ ပြောတာပါ။
( User တိုင်းဟာ ဒီလို လုပ်ပိုင်ခွင့်မရှိပါဘူး၊ Windows မှာဆိုရင် admin အကောင့်နဲ့ ရိုးရိုး အကောင့်ဆိုပြီး ခွဲပါတယ်။)
မိတ်ဆွေ တို့အနေနဲ့ ကွန်ပြူတာကို စီမံခန့်ခွဲနိုင်တဲ့ User အဖြစ် ရှိလို့ရပါတယ်။
မိတ်ဆွေဟာ Root အဖြစ်နဲ့ Log in ဝင်မယ်ဆိုရင် မိတ်ဆွေတို့ ကွန်ပြူတာ နဲ့ လုပ်ချင်တာ မှန်သမျှ ကမ္ဘာမှာ ဘာမဆို လုပ်လို့ရပါပြီ။ Root ကို Operation System ရဲ့ အမြစ် လို့လည်း ယူဆလို့ရပါတယ်။
Root ဟာ Operation System ကို install လုပ်ထားတဲ့ Computer ရဲ့ Hard drive ပေါ်မှာရှိပါတယ်။
မိတ်ဆွေ ဒီ Root ရှိတဲ့နေရာ ကို Window OS အနေနဲ့ စဉ်းစားမယ်ဆိုရင် C:/ ဟာ Windows OS ရဲ့ Root ပါပဲ့၊ ဘာကြောင့်လဲဆိုရင် ဒီနေရာ (C:/ အပိုင်း) မှာ install ထားလို့ပါပဲ့။
Root ဟာ User အနေနဲ့ System အထဲကို ဝင်နိုင်ဖို့ အမြင့်ဆုံးအဆင့်မှာ ရှိပါတယ်။ ဒါ ဘာကိုဆိုလိုတာလဲ?။
Linux မှာတော့ User တွေတိုင်းမှာ Home Folder ဆိုပြီး ရှိပါတယ်၊ User သုံးလိုက်တဲ့ data မှန်သမျှ ဟာ Home Folder ကသိမ်းထားပါတယ်၊ စာရွက်စာတမ်းေတွ၊ အလုပ်လုပ်တဲ့ ပုံစံချတာတွေ(Setting) ၊ ပရိုဂရမ်တွေ စသဖြင့်ပေါ့။ ဒီ Root User က User တွေရဲ့ Home Folder ကိုမြင်နိုင်ပါတယ်။ ( Access လုပ်နိုင်ပါတယ်)
Home Folder ဆိုတာက သီးခြား သုံးတဲ့ User တွေရဲ့ အမြင့်ဆုံး Lvl မှာရှိပါတယ်။
Linux မှာ Root လို့ပြောတာနဲ့ ဘယ်အရာမဆိုရဲ့ အမြင့်ဆုံး lvl မှာ ရှိတယ်ဆိုတဲ့အကြောင်းကို အဓိက နားလည်ရပါမယ်။
Linux မှာ Root user account တွေဟာလည်း OS စတင် run လိုက်ပီဆိုတာနဲ့ အမြင့်ဆုံး အဆင့်မှာ ရှိပါတယ်။ Root ဟာ ဘယ်အရာမဆို လုပ်လို့ရပါတယ်၊ Root ဟာ OS ရဲ့ ဘယ်အရာမဆို ရယူနိုင်ပါတယ်။
ကျနော်တို့ဟာ System အထဲကို ဝင်နိုင်ဖို့အတွက် command တွေရိုက်ရမယ်၊ Linux ကြီးကို သေချာတဲ့ အလုပ်တွေခိုင်းရဖို့အတွက် Root ဟာ အရေးကြီးတဲ့ အယူအဆ (Key သော့) တခုဖြစ်ပါတယ်။
#Linux_Part_6
#LinuxForBeginner
#AdarmVardy
Translate by ကဘော်ကထော်
Comments
Post a Comment