Linux Part-3 (Open Source )


Open Source 


ကျနော်တို့ အရှေ့မှာ Linux ရဲ့ အခြေခံ တချို့ကို ဆွေးနွေးခဲ့ကြပြီးပြီနော်၊ နောက်ထပ် 

ကျနော်တို့ ပြောဖို့ကျန်နေတာတွေထဲ က 

Open Source Licensing (လိုင်စင်) အကြောင်းဆွေးနွေးကြရအောင်။


ဒါပေါ့ ဒီအကြောင်းကို ဒီအချိန်မှာပြောရတော့မှာပါ၊ မိတ်ဆွေ တို့ Open Source Software ဆိုတာကို ကြားဖူးကြမှာပါ။

မိတ်ဆွေတို့အနေနဲ့ Open Source Software ဆိုတာ Free Software (လိုင်စင်မရှိတဲ့ Software) လို့ ထင်ကောင်းထင်လိမ့်မယ်။

ဒါမဟုတ်ဘူးနော်။


Open Source Software ဆိုတာ လုံးဝ Free Software မဟုတ်ပါဘူး။ မိတ်ဆွေ အနေနဲ့ Open Source ကို Free Software အနေနဲ့ မြင်နေပြီဆိုရင် မိတ်ဆွေ ရဲ့ company အတွက်ရော၊ လုပ်ငန်းခွင် ဆိုင်ရာ အတွက်ရော အန္တရာယ်အနံ့အသက် ရနေပါပြီ။

ဒါကြောင့်လည်း ကျနော်တို့ Open Source အကြောင်း နဲ့ Open Source ကို ဖန်တီးသူတွေရဲ့ မတူညီတဲ့ အခကြေးငွေပေးချေခြင်း အကြောင်း ကို ဆွေးနွေးဖို့ အရေးကြီးပါတယ်။


ဒါဆိုရင် Open Source ရဲ့ တိကျတဲ့ အဓိပ္ပါယ်က ဘာလဲ? 


Open Source Software ဆိုတာ programmer တွေဟာ မိတ်ဆွေတို့ အသုံးချဖို့ software တခုကို စားပွဲပေါ်မှာ စထိုင်ပြီးရေးလိုက်တဲ့  code တွေအားလုံးကို မိတ်ဆွေတို့ မြင်ရတာပါ။ ဒါက Free Software (အလကား)လို့  အဓိပ္ပါယ် မရပါဘူး။ သူတို့မှာ လိုင်စင်ရှိကြပါတယ်။ ဒါဆို ဘယ်လိုလုပ်ပြီး programmer တွေက Open Source Licensing ကနေ ပိုက်ဆံရကြတာလဲ။ 

မတူညီတဲ့ နည်းလမ်း ၄ မျိုးနဲ့ Open Source Programmer တွေကို ထိုက်သင့်တဲ့အဖိုးတခု ပေးချေရပါတယ်။ 


နည်းလမ်း-၁ 

Programmers တွေက မိတ်ဆွေကို Open Source Software ကို free ပေးပါတယ်။ ဒါမယ့် ဒီ software အတွက်  မိတ်ဆွေ လိုအပ်တဲ့ သင်တန်းတွေ၊ ဝန်ဆောင်မှု တွေ အတွက် ထိုက်သင့်သလို ပေးချေရမှာပါ။ 


ဥပမာအနေနဲ့ 

မိတ်ဆွေ ရဲ့ Linux Server အတွက် 

mySQL software (Database software) ကို download လိုက်တယ်ဆိုပါစို့။ 

မိတ်ဆွေ ဆွဲလိုက်တဲ့ mySQL software ကို သုံးဖို့ အနည်းငယ်အခက်တွေ့တာ၊တခုခုပြင်ဆင်ဖို့ လိုနေတာမျိုးပေါ့။ ဒီလိုအချိန်မှာ အသုံးဝင်ပြီးတော့၊ အကျိုးရှိတဲ့ နည်းလမ်း ရှာရပါပြီ။

မိတ်‌ဆွေ အနေနဲ့ MySQLနဲ့ပတ်သက်ပြီး နည်းလမ်း တချို့ ရှာတွေ့ခဲ့သည်တိုင် ဆက်ပြီးတော့ တချို့ကဏ္ဌ အတွက် သင်တန်းတက်ဖို့၊ နဲ့ နည်းပညာဝန်ဆောင်မှုတွေကို လိုအပ်ချက်ရှိနေမယ် ဆိုရင် မိတ်ဆွေဟာ ဒီ Software Programmer ကို လုပ်နည်း၊လုပ်ဟန်တွေ မေးရတော့မှာပါ။

ဒီလို ဝန်ဆောင်ခအတွက် မိတ်ဆွေဟာ Open Source programmer ကို သူတို့ရဲ့ အားစိုက်ထုတ်မှုတွေအတွက် ထိုက်သင့်တဲ့ တန်ဖိုးပေးရမှာပါ။


နည်းလမ်း-၂ 

Programmer တွေက ကျနော်တို့ကို စီးပွါးရေးအတွက်မဟုတ်တဲ့ တကိုယ်ရည်သုံး

Open Source Licensing အဖြစ်နဲ့ ပေး‌သုံးလိုက်ပါတယ်။ ဒီလို ပေးသုံးလိုက်တာနဲ့ ကျနော်တို့ လူတွေအများစုက၊ စီမံခန့်ခွဲရေးအဆင့်ရှိတဲ့ အတွေ့အကြုံအများကြီး ရှိတဲ့သူတွေတောင်မှ ပြဿနာ စတွေ့ပါတယ်။ (ပြဿနာရှာတာပါ :3)


တချို့ Open Source Software တွေက လုံဝ ဘာတန်ဖိုးမှ ပေးစရာဘဲ သုံးခွင့်ရတယ်ဆိုတာ အမှန်တရားပဲ့။ မိတ်ဆွေ အနေနဲ့ ဒါကို တရားဝင်ဖြစ်ခြင်း(လိုင်စင်ရှိတာလို့ဆိုလိုတာ) နဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်နေဖို့မလိုဘူး။ ဒါ ဘာကြောင့်လဲ?

ဒီလို Open Source software တွေက စီးပွါးရေးအတွက်မဟုတ်ဘဲ၊ မိတ်ဆွေ တို့ တကိုယ်ရည်သုံးဖို့ ထုတ်ထားတာမို့လို့ပဲ့။


ပြဿနာက ဘာလဲ‌ဆိုတော့ ဒီလို တကိုယ်ရည်သုံး Open Source Software တွေကို ထုတ်လုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းတွေမှာ စတင်ပြီး အသုံးပြုကြလို့ပါပဲ့။


မိတ်ဆွေဟာ ကွန်ပြူတာပညာရှင် ဆိုရင် ဒီ Open Source Software နဲ့ မိမိအိမ်မှာ တကိုယ်ရည် ကြိုက်သလို သုံးလို့ရပါတယ်၊ ကိစ္စမရှိပါဘူး။ ဒါပေမယ့် မိတ်ဆွေဟာ 

စီးပွါးရေးအတွက်Server အနေနဲ့ အသုံးပြမယ်၊ ဒါမှမဟုတ် မိမိအိမ်လုပ်ငန်း Website အတွက် Host အဖြစ် သုံးမယ်ဆိုရင်တော့ 

ဒီ Software အတွက် လိုင်စင်ကြေး တန်ဖိုး ပေးရတော့မှာပါ။


ဒီလိုင်စင်ကြေးက $5000 နဲ့ $10000 ကြားမှာရှိပါတယ်၊ ဒါက ဈေးကြီးပါတယ်။

မိတ်ဆွေ အနေနဲ့ Open Source software ကို မိမိတကိုယ်ရည် သုံးမှာလား။ စီးပွါးရေးအတွက် သုံးမှာလား။

ဘယ်လိုသုံးချင်တာလဲဆိုတာ ရေရှည်အတွက် သတိပြုထားသင့်ပါတယ်။


#Linux_part_3

#LinuxForBeginner

#AdarmVardy

Translate by ကဘော်ကထော်

Comments

Popular posts from this blog

Linux_Part_5 (The Linux Shell)

Linux Part-7 (Capitalization)

Longman Dictionary English App