What is a Linux? (Intro Part1)

 
      

What is a Linux? (Intro Part1)

ပထမဆုံး အနေနဲ့ ကျနော်တို့ Linux ဆိုတာရဲ့ အစမူလကို ပြောဖို့လိုပါတယ်၊
ဟုတ်ပါတယ် Linux ဆိုတာ Operation System (OS) တခုပဲ့ ဖြစ်ပါတယ်၊ 

Operation System ဆိုတာဘာလဲ၊ 
Operation System ဆိုတာဟာ ကျနော်တို့ရဲ့ Hardware နဲ့ Software ကြားက layer Software တခုပဲ့ဖြစ်ပါတယ်၊ Operation System ဆိုတာနဲ့ computer ပေါ်မှာ မိတ်ဆွေတို့ လိုချင်တဲ့ အရာတွေကို ဖန်တီးလို့ရပါပြီ။
Operation System က ဘာတွေခွင့်ပြုပေးလဲဆိုရင် မိတ်ဆွေတို့ရဲ့ Application Software တွေနဲ့ Hardware တွေကို ချိတ်ဆက်ပြီး အလုပ်လုပ်ခွင့်ပြုလိုက်တာပါ။ ဥပမာတခုအနေနဲ့ ကျနော်တို့ရဲ့ data တွေကို Hard drive မှာ သိမ်းတာမျိုး၊ ပြီးရင် printer နဲ့ data တွေကိုပြန်ထုတ်တာတို့ပေါ့၊ 

Linux ဆိုတဲ့ OS ဟာ လက်နဲ့ထိတွေလို့ရတဲ့ devices (physical devices) နဲ့ program code တွေကြားမှာ ဆက်သွယ်ဆောင်ရွက်ပါတယ်၊ 

အဓိကကျတဲ့ တခုက Software တွေ အလုပ်လုပ်တဲ့ ပုံစံတွေဟာ Operation System ရဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး "လုံးဝ" မတူကွဲပြားပါတယ်၊ Microsoft Window Operation System မှာ သုံးတဲ့ Microsoft offices ဖြစ်တဲ့ word,excel, Adobe Photoshop စတဲ့ application software တွေဟာ Linux Operating System ပေါ်မှာ အလုပ်မလုပ်ပါဘူး။ Linux OS ကို အများဆုံး သုံးတာတွေက 
Servers တွေပဲ့ ဖြစ်ပါတယ်၊ 
Apache web servers, Database servers စသဖြင့်ပေါ့လေ၊

Linux OS ကို Server တွေအတွက်သုံးပေမယ့်လို့ versions အမျိုးမျိုး ရေးသားဖြန့်ဝေခဲ့ပါတယ်၊ ဒီအထဲမှာ ကျနော် တို့ သာမန် User တွေအတွက် လည်း Desktop version တွေ ပါပါတယ်။ Desktop version မှာဆိုရင် 
Microsoft Windows OS မှာလိုပဲ့ 
Word Processing software တွေ၊ photo၊ video editing softwareတွေ၊ ဂိမ်း စသဖြင့်ပေါ့ ပါပါတယ်။ Free Operation System ကိုသုံးချင်တဲ့ Home user တွေအတွက် သီးသန့်ထုတ်ထားတဲ့ versions တွေဖြစ်ပါတယ်။

Linux ဟာ Operation System တခုအနေနဲ့ စခဲ့တာ မဟုတ်ခဲ့ပါဘူး။
Helsinki တက္ကုသိုလ်ရဲ့ ကျောင်းသားတယောက်ဖြစ်တဲ့ "Linus Torvalds" ဟာ ပထမဆုံး Linux Kernel ကို စတင်ဖန်တီးခဲ့ပါတယ်၊ 
Kernel ဟာ Linux အတွက် မရှိမဖြစ်ပါပဲ့၊ 
ဒါပေမယ့် Kernel တခုတည်း သီးသန့်ဆိုရင် အသုံးမဝင်ပါဘူး၊ 

Kernel ဟာ ပြီးပြည့်စုံတဲ့ Operation System တခုရဲ့ function တခု၊ အစိတ်အပိုင်းတခုပဲ့ဖြစ်ပါတယ်၊ ဒီ Linux Kernel ကို GNU Operation System နဲ့ပေါင်းစပ်ပြီး Operation System တခုအဖြစ် အသုံးပြုကြပါတယ်။ 
GNU ဆိုတာကို ဘာကာ ရဲ့ ပေါင်မုန့်တခုအနေဲ့ ပုံဖော်ကြည့်မယ်ဆိုရင် Kernel ဆိုတာက 
ပေါင်မုန့်ရဲ့ အလယ်က အမဲသားတွေသိပ်ထားတဲ့ အစာ လို့မြင်ရမှာပါ၊ 
(Just Google about of GNU)
(GNU ဆိုတာ Unix-Like OS တမျိုးပါပဲ့)

Kernel ဆိုတာ Linux ရဲ့ အစိတ်အပိုင်းတခု ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်၊ 
Kernel ဟာ Operation System ရဲ့ ဗဟိုကျတဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ကျနော်တို့ရဲ့ အသုံးပြုမှု (‌applications) တွေ ကနေ hardware အထိ တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ကျနော်တို့ရဲ့ ယနေ့ ဈေးကွက်အထဲမှာ 
1- Microsoft Kernel 
2- Unix-Like Kernel (Linux သည် unix-Like OS အမျိုးအစား တခုဖြစ်တယ် အကျယ်ကို Google) (Unix-Like OS အကြောင်း စာအုပ်ထဲမှာ အသေးစိတ်မပြောထားပါဘူး)
 ဆိုပြီး နှစ်မျိုးရှိပါတယ်

Linux kernel ဟာ BSD, Mas OS (apple) နဲ့ Solaris တို့လို OS တွေရဲ့နောက်မှ ပေါ်လာခြင်းဖြစ်တယ်၊ 
Unix-Like OS သည်လည်း မူလအစဖြစ်တဲ့ Bell labs UNIX Operation System ပေါ်အခြေခံထားခြင်းဖြစ်ပါတယ်။

မူရင်းစာအုပ်-Linux For Beginners by Adam Vardy
ဘာသာပြန်-ကဘော်ကထော်
ထုတ်နုတ်တင်ပြသူ-နောင်တော်ကြီး

Comments

Popular posts from this blog

Linux_Part_5 (The Linux Shell)

Linux Part-7 (Capitalization)

Longman Dictionary English App