Linux Part-2
1990 နှောင်းပိုင်းမှာ Torvalds ဟာ Linux ကို တီထွင်ရေးသားခဲ့ပါတယ်၊ သူဟာ လုပ်လက်စ အလုပ်ကနေ ခန အနားယူချင်လာတော့ Torvalds ဟာ သူရေးသားနေခဲ့တဲ့ သူ့ရဲ့ OS အသစ်စက်စက် Source Code ကြီးအားလုံးကို Public မှာ တင်ပေးလိုက်ပါတော့တယ်၊ Torvalds ဟာ ကမ္ဘာမှာရှိတဲ့ လူတိုင်းကို သူ့ရဲ့ Linux ကို လိုချင်သလို ပြုပြင်ေရးသားနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်၊
အထူးသဖြင့် Computer ပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ စသဖြင့် လူတိုင်းအတွက် ခွင့်ပြုခဲ့ပါတယ်။
Company ကြီးတွေ ရယ်၊ ပညာရေးဆိုင်ရာ သုတေသန အဖွဲ့အစည်းတွေဟာ Linux ကို သူတို့ကြိုက်သလို ပြင်ပါတော့တယ်။
Linux ဟာ Open Source ဖြစ်တဲ့အတွက်ကြောင့် Source Code တွေကို မြင်ခွင့်ရပါတယ်၊ ဒါကပဲ့ ပညာရှင်တွေ လိုသလို ပြင်ထားတဲ့ "Versions" ပေါင်းများစွာ ထွက်လာပါတော့တယ်။
ကယ်လီဖိုးနီးယား တက္ကုသိုလ် (Berkeley) က ပညာရှင်တွေဟာ သူတို့ကိုယ်ပိုင် Linux Version ကို စပြီး ထုတ်သလို၊
တရုတ် က ပညာရှင်တွေကလည်း သူတို့ ကိုယ်ပိုင် Linux version ကို စထုတ်ပါတော့တယ်၊ တကမ္ဘာလုံးက ပညာရှင်တွေဟာ သူတို့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကိုယ်ပိုင် Versions အသီးသီး စတင်ထုတ်ပါတော့တယ်၊
ဒီအထဲမှာ လူသိများတဲ့ versions တွေကတော့ Red Hat Linux, Ubuntu Linux, Google Android တို့ဖြစ်တယ်၊
(Ubuntu ဆိုတာ အာဖရိကတိုင်းရင်းသားဘာသာစကားတခုရဲ့ လူသားဆန်ခြင်းတဲ့ လှတယ်နော်)
Linux ရဲ့ Source Code ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ versions တွေကို Distributions or " Distros " လို့ခေါ်ပါတယ်။
Distros တွေဟာ အချိန်နဲ့မျှ ပြောင်းလဲ ထွက်ပေါ်နေပါတယ်။
Distros (Versions) မတူရင် သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေဟာ တခုနဲ့ တခု မတူကြပါဘူး၊
ကျနော်တို့ဟာ Linux Distrosကို ဘယ်လိုအသုံးပြုချင်သလဲဆိုတာ ဆုံးဖြတ်ရပါမယ်။
ကျနော်တို့ဟာ Linux နဲ့ ကျနော်တို့ ကွန်ပြူတာကို ဘယ် ကဏ္ဌမှာ သုံးမလဲ အပေါ်မူတည်ပြီး ကိုယ်သုံးမာ့် Linux Distros(versions) တွေကို စဉ်းစားရပါမယ်။
(Hack အတွက်ဆို version တမျိုး၊ developer အတွက် version တမျိူး၊ Network Security အတွက် Version တမျိုး မတူကြပါ)
Linux OS မှာ (version) တွေကို install မလုပ်ခင် ကိုယ်ဘယ်လိုသုံးချင်လဲဆိုတဲ့ အချက်တွေကို စဉ်းစားဖို့ရာ အရေးကြီးပါတယ်။
Window OS မှာဆိုရင် ပထမဆုံး OS install လုပ်လိုက်ပြီးပြီ၊ နောက်တော့ မိတ်ဆွေ server အနေနဲ့ သုံးချင်ပြီ ဆိုရင်ေတာ့ အခက်အခဲရှိလာပါပြီ ၊ Linux version တွေမှာဆိုရင် Versions အလိုက် သေချာတဲ့ အားသာချက်တွေကို တည်ဆောက်ထားပါတယ်။
(ကိုယ်သုံးချင်တဲ့ စတိုင်နဲ့အလိုက် versions တွေကိုရွေးဖို့ အကြံပြုထားတာပါ)
ဥပမာ တခုအနေနဲ့ဆိုရင်
Linux မှာ Trustix Linux version ရှိတယ်။
Trustix ဟာ လုံခြုံရေးအတွက် အထူးသီးသန့် တည်ဆောက်ထားတဲ့ version ဖြစ်တယ်၊ မိတ်ဆွေ အနေနဲ့ Trustix ကို သုံးပြီဆိုရင် မိတ်ဆွေကိုယ်တိုင် လုံးဝ မိုက်မဲတဲ့ လုပ်ရပ်တွေကနေ လွှဲရင်၊ ဘယ်သူမှ hack လို့မရပါ၊ ဘယ် Viruses မှ ဝင်နှောင့်ယှက်လို့မရပါ၊ Server လုံခြုံရေးတွေအတွက် အခိုင်အမာ တည်ဆောက်ထားတဲ့ version ဖြစ်ပါတယ်။
ဒါပေမယ့် မိတ်ဆွေ အနေနဲ့ ဒီလို servers တွေကို အခိုင်အမာ ဆောက်ဖို့ လိုသလား၊ အိမ်မှာပဲ့ ပေါ့ပေါ့ပါးပါး သုံးမလား ဆိုတာ versions အလိုက် ရွေးချယ်ရမှာပါ။
မိတ်ဆွေ အနေနဲ့ ရုံးသုံး၊ အင်တာနက် ပေါ့ပေါ့ပါးပါး သုံးမယ်ဆိုရင်
Ubuntu Linux Desktop Version ဟာ မိတ်ဆွေနဲ့ သင့်တော်မှာပါ၊ ဒါမှမဟုတ်
မိတ်ဆွေ ဟာ လုံခြုံစိတ်ချရတဲ့ Super Computer အနေနဲ့သုံးမယ်ဆိုရင် Trustix Linux ကိုရွေးရမှာပါ
သင့်အနေနဲ့ လုပ်ငန်းကြီး တခုမှာ နည်းပညာ support ကို လိုချင်တဲ့ အချိန်မှာ ရနိုင်ဖို့ဆိုရင် Rad Hat Linux က သင့်တော်ပါတယ်။
မိတ်ဆွေအနေနဲ့ တိကျတဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ versions ကို ထည့်သွင်းဖို့ လိုပါတယ်။
သင်ဟာ Ubuntu Linux ကို install ထားပြီး နည်းပညာ support လိုချင်လို့ Red hat Linux ကို ဆက်သွယ်ခေါ်လို့မရပါဘူး၊ သူတို့ကူနိုင်မှာမဟုတ်ပါဘူး။
Red Hat Linux သည် Ubuntu Linux ကို support မပေးပါဘူး။
Version တိုင်းဟာ သူအဖွဲ့အစည်းတည်ပုံနဲ့ သူပါ၊ မိတ်ဆွေ အနေနဲ့ ကိုယ်သုံးတဲ့ version နဲ့ ရင်းနှီး ကျွမ်းဝင်ဖို့ လုပ်ရပါမယ်။
ဒါဆို သင့်ရဲ့ လိုအပ်ချက်အတိအကျ version တွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
( Linux versions ကို အကြမ်းအားဖြင့် Sever နဲ့ Desktop ဆိုပြီး ခွဲလို့ရပါတယ်၊ Ubuntu Linux အဖွဲ့အစည်းကိုပဲ့ Sever အတွက်တမျိုး၊ Desktop အတွက် တမျိုး ထုတ်ပါတယ်)
#Linux_part_2
#LinuxForBeginner
#AdarmVardy
Translate by ကဘော်ကထော်

Comments
Post a Comment